Wednesday, August 8, 2012

ဆီးရီးယားနိုင်ငံပိုင် ရုပ်သံအဆောက်အအုံ ပေါက်ကွဲမှုဖြစ်ပွား


ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ နိုင်ငံပိုင် ရုပ်သံအဆောက်အအုံ၏ တတိယမြောက်အထပ်တွင် သြဂုတ် ၆ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့သည့် နံရံများနှင့် အဆောက်အအုံ အပျက်အစီးများကို ရုပ်မြင်သံကြား အစီအစဉ်တွင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပြီး အဆောက်အအုံ အပျက်အစီးများကြားတွင် အသက်ရှင်လျက် ကျန်ရှိနေသည့် ၀န်ထမ်းများကို ရှာဖွေလျက်ရှိသည်ဟု သိရသည်။ အဆိုပါ သတင်းဌာန အဆောက်အအုံအတွင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မည်သို့ ရောက်ရှိနေသည်ဆိုခြင်းကို တိတိကျကျ မသိရသေးကြောင်း အဆိုပါအမှုကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၄င်းဌာနမှ ဆက်လက်ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment