Thursday, August 30, 2012

သွေးတွင်းသကြားနည်းခြင်းအတွက် ကုစားခြင်း


သိပ်ပြင်းထန်မှု မရှိတဲ့ သွေးတွင်း သကြား သို့မဟုတ် ဂလူးကို့စ် နည်းပါးခြင်း အခြေအနေ (Hypoglycemia) အတွက် ပရိုတင်းဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအစာ များကို နည်းနည်းနှင့် မကြာခဏ စားပေး ပါ။ ခရိုမီယမ်သတ္တုဓာတ် (Chromium) ပါဖြည့် စွက်စာက သွေးတွင်းသကြားပမာဏကို (နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ) ထိန်းညှိပေးပါတယ်။ ခရိုမီယမ်သတ္တုဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ ကစော်ဖောက်ရာမှာ သုံးတဲ့တဆေး (Brewer's Yeast) ၊ ဖွဲနုမထုတ်ထားတဲ့ ဂျုံနှင့်ပြုလုပ်ထားသော ပေါင်မုန့်နှင့် ဆီရီယယ်များ (Cereals)၊ သကာရည်၊ ဒိန်ခဲနှင့် အဆီမပါတဲ့ အသားများပဲဖြစ်တယ်။ 
ဦးလှမြင့် (ဂန္ဓမာ)Ref: Do- it- Yourself Health (64)
Health Digest

No comments:

Post a Comment