Friday, August 17, 2012

အီရန်ငလျင်ကြောင့် သုံးရင်ကြာပိတ်မိနေသည့် အမျိုးသမီး အသက်ရှင်စွာ တွေ့ရှိ


အီရန်နိုင်ငံတွင် သြဂုတ် ၁၁ ရကက် လှုပ်ခဲ့သည့် အင်အားပြင်း ငလျင်နှစ်ကြိမ် လှုပ်ပြီးနောက် အုတ်ကျိုး အုတ်ပဲ့ အပျက်အစီးများ အောက်တွင် သုံးရက်ကြာ ပိတ်မိနေသည့် အမျိုးသမီး တစ်ဦးကို သြဂုတ် ၁၄ ရက်က အသက်ရှင်စွာ တွေ့ရှိ ခဲ့ကြောင်း မီဟာ သတင်းဌာနက ထုတ်ပြန်သည်။ အဆိုပါ အမျိုးသမီးသည် အီရန်နိုင်ငံ အရှေ့ အဇာဘိုင်ဂျန် ပြည်နယ် ဗာဇက်အင်းန် ဆင်ခြေဖုံးမြို့ရှိ ကျေးရွာတစ်ရွာ အတွင်း အဆောက်အအုံ အပျက်အစီးများ အောက်၌ သုံးရက်ကြာ မြုပ်နေခဲ့ပြီး နောက် အီရန် ကယ်ဆယ်ရေး အလုပ်သမားများက အသက်ရှင်စွာ ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း မီဟာသတင်းဌာနက ပြောကြားခဲ့သည်။ ယင်းအမျိုးသမီး၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း၊ လောလောဆယ်တွင် ဆေးဝါးကု
သမှုအတွက် ဒေသတွင်း ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ သြဂုတ်လ ၁၁ ရက်က လှုပ်ခဲ့သည့် ယင်းငလျင်ကြောင့် ၃၀၆ ဦး သေဆုံးပြီး ၃၀၀၀ ထက်မနည်း ဒဏ်ရာရရှိကာ အဆောက် အအုံပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့သည်။
khitlunge

No comments:

Post a Comment