Friday, August 31, 2012

တရုတ်နိုင်ငံမှ တားမြစ်ဆေး ပါသော ပျားရည်များကို ပြည်ပသို့ တင်ပို့မှုအား တားဆီးလျက်ရှိ


တရုတ်နိုင်ငံမှ တားမြစ်ဆေး ပါဝင်သော ပျားရည် များကို မြန်မာ ပျားရည် အမည် တပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများအား တားဆီးရန် ဆောင်ရွက်လျက် ရှိကြောင်း  မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ ၂၃-၈-၂၀၁၂ ရက်တွင် သိရသည်။
“လာမယ့် အောက်တိုဘာလမှာ ပြည်ပကို ပျားရည်ပို့တာ ပြန်စမှာ ဖြစ်ပါတယ်။ မြန်မာပျားရည်က ပဋိဇီဝဆေးဝါးတို့၊ ပိုးသတ်ဆေးတို့လို တားမြစ်ဆေးဝါး ကင်းစင်ပြီး အရည်အသွေးကောင်းလို့ ပြည်ပပို့ရင် ဈေးကောင်းရတယ်။ အမြတ်အစွန်း တစ်ခုတည်းကိုကြည့်ပြီး တရုတ်ကလာတဲ့ တားမြစ်ဆေးပါတဲ့ ပျားရည်တွေကို မြန်မာပျားရည်ဆိုပြီး အမည်တပ်ပြီး ပြည်ပပို့လိုက်လို့ တင်သွင်းတဲ့နိုင်ငံက တားမြစ်ဆေးပါတာတွေ့ရင် မြန်မာပျားရည် တင်သွင်းခွင့်ကို ပိတ်ပင်တာခံရပြီး ဈေးကွက် ပျောက်သွားနိုင်ပါတယ်။
အဲဒီအတွက် တရားမဝင်တင်သွင်းလာတဲ့ ပျားရည်တွေနဲ့ သကာရည်အမည်ခံပြီး မြန်မာနိုင်ငံကို တင်သွင်းလာတာတွေကို အရေးယူတားဆီးပြီး ပျားရည်ပို့ကုန် လိုင်စင်တွေကို ပျားလုပ်ငန်းဌာနရဲ့ ထောက်ခံချက်ဖြင့်သာ ခွင့်ပြုပေးသင့်ပါတယ်”ဟု ၎င်းက ပြောသည်။ မြန်မာပျားရည်များကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများသို့ နှစ်စဉ် တိုးတက် တင်ပို့လျက်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပျားရည်တန်ချိန် ၂၁၃၂ (တန်ဖိုး-အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၃ သန်း) အထိ တင်ပို့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကြည်ဖြူ
Pyimyanmar Journal

No comments:

Post a Comment