Friday, August 24, 2012

ဗီဒီယို တစ်ကားကို ၁၂ ရက်၊ ၁၅ ရက်လောက် ရိုက်သင့်ကြောင်း စိုင်းစိုင်းခမ်းလှိုင်ပြော


စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ "ချစ်သူတို့ရဲ့ တိုက်ပွဲ" ဇာတ်ကားကို လင်းလက်ဟိန်း၊ ချစ်သုဝေတို့ နဲ့ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ရိုက်ကူး ထားတဲ့ ဇာတ်ကား ဖြစ်ပြီး လက်ကျန် ဇာတ်ဝင်ခန်းတွေကို ပြန်လည် ရိုက်ကူးနေတာဖြစ်ပါတယ်။

ဇာတ်ကား ရိုက်ကူးရေး မပြီးသေးပေမယ့် ထွေလာ အနေနဲ့ ပြသထားတာ ကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ပရိသတ်တွေ စိတ်ဝင် စားနေရတဲ့အတွက် ဗီဒီယို အဖြစ်ပဲ ဖန်တီးဖြစ်မလား၊ ဒီဗီဒီ အဖြစ်ပဲ ဖန်တီးဖြစ်မလား ဆိုတာတော့ မပြောတတ်သေးကြောင်း စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။ ဇာတ်ကားတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ပဲ ရိုက်ကူးသွားမယ်ဆို တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဇာတ်ကား တစ်ကားကို ၁ဝရက်ကျော်လောက်ပဲ ရိုက်ရင် အချိန်လောက်နိုင်တဲ့ အကြောင်းကို "ကျွန်တော် ရိုက်ဖူးသမျှတော့ ရိုက်ရက် ၁ဝ ရက် ကျော် ၁၂ရက်၊ ၁၅ ရက်တွေပဲ ရိုက်ဖူး ပါတယ်။ ၁ဝ ရက်လောက်ပဲ ရိုက်ရမယ် ဆိုရင်တောင် အချိန်မလောက်နိုင်ပါဘူး" လို့ ပြောပါတယ်။ ဂီတဘက်မှာ ဂီတသမား တွေ ကြိုးစားတာနဲ့ ထိုက်တန်နဲ့ နိုင်ငံ တကာလို ဂရမ်မီဆုပေးပွဲလိုမျိုး သတ်သတ်မှတ်မှတ်နဲ့ ကျင်းပပေးသင့် တယ်လို့ မြင်လား ဆိုတဲ့အမေးကိုတော့ စိုင်းစိုင်းခမ်းလှိုင် က "ဦးဆောင်နိုင်စွမ်း ရှိတဲ့ လူတွေ က ဦးဆောင်ကြပြီးတော့ အကောင်း
ဆုံးကို လုပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ဂီတသမားတွေ ကြိုးစားတာနဲ့ ထိုက် တန်တဲ့ မူရင်းအခွေ ရောင်းရမှုမျိုး လိုချင်ပါတယ်။ ကြိုးစားပြီးတော့ အရာ မထင်တဲ့ ခိုးကူးခံရတာမျိုး မဖြစ်ချင်ပါဘူး"လို့ပြောပါတယ်။
ခိုင်ဝေလွင်
Popular facebook

No comments:

Post a Comment