Sunday, August 26, 2012

လီဗာပူးလ်သို့ တစ်ရာသီကြာ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဆာဟင်

လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဆာဟင်
လီဗာပူးလ် အသင်းသည် ကွင်းလယ် ကစားသမား ဆာဟင်အား တစ်ရာသီကြာ အငှားစာချုပ်ဖြင့် ရီးရဲလ် အသင်းမှ လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ဆာဟင်သည် လီဗာပူးလ် အသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် အငှားစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ် အသင်းသည် ဆာဟင်အား ခေါ်ယူရန် အတွက် အလွန်နီးစပ်သော အနေအထားသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် လက်လွှတ်ခဲ့ခြင်းကြောင့် လီဗာပူးလ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဆာဟင်သည် လီဗာပူးလ် အသင်းတွင် ကျောနံပါတ် (၄)ကို ၀တ်ဆင်မည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment