Wednesday, August 22, 2012

ကာဗာနီအား ပစ်မှတ်ထားနေသည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းမှ ပစ်မှတ်ထားနေသည့် ကာဗာနီ
ချယ်လ်ဆီး အသင်း၏ နည်းပြဖြစ်သူ ဒီမက်တီယိုသည် အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီ အချိန်အတွင်း တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် စီစဉ်နေပြီး ကာဗာနီမှာ ၎င်း၏ အဓိက ပစ်မှတ်ဖြစ်လာခဲ့သည်။
သို့သော်လည်း ချယ်လ်ဆီး အသင်းသည် ကာဗာနီ အတွက် ပေါင် (၄၅)သန်းခန့် အသုံးပြုရဖွယ် ရှိနေသည်။ ချယ်လ်ဆီး အသင်းသည် နောက်အပတ် အတွင်း နာပိုလီ အသင်းနှင့် ညှိနှိုင်းမှု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ယူဆရသည်။
“ကစားသမားသစ် ထပ်ရောက်မလားတော့ ကျွန်တော် မသိပါဘူး၊ တိုက်စစ်ပိုင်း အတွက်တော့ ကြိုးစားမှု ပြုလုပ်နေပါတယ်”ဟု ဒီမက်တီယိုမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ချယ်လ်ဆီး အသင်းသည် နောက်အပတ် သောကြာနေ့တွင် အက်သလက်တီကို အသင်းနှင့် ဥရောပ စူပါ ဖလားပွဲ ကစားရန် ရှိနေပြီး ယင်းပွဲစဉ် မတိုင်မီ မာဆေးလ် အသင်း၏ နောက်ခံလူး အက်ဇ်ပီလာကီတာ နှင့် မော့ဆက်စ်တို့အား အပြီးသတ် ခေါ်ယူမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment