![]() |
| အာဆင်နယ် အသင်း၏ ကစားသမားသစ် ကာဇိုလာ |
ယမန်နေ့က အာဆင်နယ် အသင်းနှင့် သက်တမ်းရှည်
စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည့် ကာဇိုလာမှာ အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့
ကစားခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ချမှတ်ရန် အတွက် အာဆင်နယ် အသင်း၏
ကစားသမားဟောင်းများ ဖြစ်ကြသော ဖာဘရီဂတ်စ်၊ ပီရက်စ်တို့နှင့်
ဆွေးနွေးတိုင်ပင် ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ကျွန်တော် ရောဘတ်ပီရက်စ်နဲ့
စကားပြောခဲ့ပါတယ် ဘာလို့လည်း ဆိုတော့ သူနဲ့ ကျွန်တော်နဲ့က ဗီလာရီးရဲလ်
အသင်းမှာ အတူတူ ကစားခဲ့ဖူးလို့ပါ၊ သူက ကျွန်တော့်ကို အဲဒီကလပ်က ကလပ်
အသင်းကောင်း ဖြစ်ပြီး ပြောင်းရွှေ့ ကစားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်၊
ဖာဘရီဂတ်စ်ကလည်း သူ့လိုပါပဲ၊ အာဆင်နယ် အသင်းက အသင်းကြီး တစ်သင်းဖြစ်ပြီး
ကျွန်တော် အဲဒီမှာ အရမ်းပျော်ရွှင်လိမ့်မယ်လို့ အကြံပြု ခဲ့ပါတယ်”ဟု
ကာဇိုလာမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။
soccer weekly

No comments:
Post a Comment