Thursday, August 16, 2012

မက္ကဆီကို အရှေ့မြောက်ပိုင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွား


မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်း မာတာမိုရော့ခ်မြို့၌ သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် ဘာသာရေး အခမ်းအနားပွဲတစ်ခု၌ ကျန်းမာရေးနှင့် မညီညွတ်သော ကြက်သားများကို စားသုံးပြီးနောက် လူ ၂၂ ဦး ဖျားနာမှုဝေဒနာကို ခံစားခဲ့ရကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအခမ်းအနားကို တက်ရောက်လာသော သူများသည် ဒေသတွင်းရှိ စူပါမားကတ်တစ်ခုမှ ၀ယ်ယူခဲ့သည့် ကြက်သားကို စားသုံးမိပြီးနောက် ယခုကဲ့သို့ ဖျားနာခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဖျားနာမှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသောသူများသည် ပျို့အန်ခြင်းနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူများဖြစ်ပြီး ၄င်းတို့အနက် နှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အခြားငယ်ရွယ်သူ ၁၃ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦး စစ်ဆေးချက်များအရ အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူသည် စူပါမားကတ်တစ်ခုမှ ကြက်သားများကို ၀ယ်ယူခဲ့ရာ ၄င်းကြက်သားများသည် ထိုအချိန်ကပင် လက်ဆတ်မှုမရှိဘဲ ပုပ်သိုးလျက်ရှိသည်ဟု သိရသည်။
khitlunge

No comments:

Post a Comment