Friday, August 3, 2012

"လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့ မလွယ်ကူဘူး ဆိုတဲ့ ချမ်းမီမီကို"


လတ်တလောမှာ ချမ်းမီမီကို က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ‘ဆွဲစားပစ်လိုက်တော့’ ဇာတ်ကားမှာ ရန်အောင် ၊သူရိယ၊ အလင်းရောင်၊ စိုးမြတ်သူဇာ တို့နဲ့ အတူ ရိုက်ကူး နေပါတယ်။ ဒီဇာတ်
ကားလေးက ဟာသကားလေး ဖြစ်ပြီး ချမ်းမီမီကို က သူရိယ၊ အလင်းရောင်တို့ကို အင်္ဂလိပ်စာ သင်ပေးရတဲ့ ဆရာမ အဖြစ် သရုပ်ဆောင် ရပါတယ်။ ဟာသကားတွေ ရိုက်တာ သိပ်မတွေ့ရတဲ့ ချမ်းမီမီကိုက နောက်ပိုင်းမှာ ဟာသ ကားတွေ ရိုက်ဖြစ်လာတဲ့ အတွက် ဟာသ ဇာတ်လမ်းက ဘယ်လောက်ထိ ခက်ခဲမှုတွေ ရှိလဲလို့ မေးကြည့်တော့ ”သူ့ပညာနဲ့သူ ရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ချမ်းမီတို့ အနေနဲ့ ဟာသကားတွေ ရိုက်တဲ့ အခါမှာ ဇာတ်ကို လိုက်ပြီး ပြင်ဆင်ရတယ်။ ဒီကားလေးကလည်း ချမ်းမီ အတွက် ဒုတိယ ဟာသကားလေး ဖြစ်တယ်။ မရိုက်ခင် ဇာတ်ကိုအရင် ဖတ်ကြည့်၊ ကိုယ်ကိုယ်တိုင် ကလည်း တကယ် ရယ်ရတာ။ သူဟာနဲ့သူတော့ ခက်ခဲတာပဲ။ လူတစ်ယောက် ကို ရယ်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ” လို့ပြောပါတယ်။ ဇာတ်လမ်း အငြိမ်တွေပဲ ရိုက်ဖြစ်နေတာ များတဲ့အတွက် အခုနောက်ပိုင်းမှာ ဇာတ်လမ်း အလှုပ်တွေ လည်း ရိုက်ဖြစ်တော့မယ် လို့ပြောတဲ့ ချမ်းမီမီကိုက ”ဗီလိန် ကတ်တွေကလည်း ချမ်းမီ ရိုက်ထားတယ်။ ဖိုက်တင်တို့လည်း ရိုက်ထားတယ်။ အခု အချိန်ထိ ဆိုရင် ချမ်းမီရိုက်ထားတာ ၃၁ ကား ရှိပြီ။ ကိုယ့်ဘက်က လုပ်ကွက်ရမယ် ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ ဇာတ်လမ်းမျိုးစုံကို သရုပ်ဆောင် ချင်ပါတယ်။ ချမ်းမီ ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ကိုယ်နဲ့လိုက်၊ မလိုက် ဆိုတာကိုတော့ ပရိသတ်တွေ ဝေ ဖန်ပေးမှ သိမှာလေ။ ချမ်းမီကို ပရိသတ်တွေကတော့ ဇာတ် အငြိမ်လေးတွေ နဲ့ပဲ လိုက်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ရသ မတူအောင် အစုံ ရိုက်သွားမှာပါ။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဇာတ်တွေလည်း လိုက်ဖက်အောင် လုပ်ကြည့် ချင်တယ်” လို့ပြောပါတယ်။
တွယ်တာ
popular facebook

No comments:

Post a Comment