Friday, August 17, 2012

ရန်ကုန်-ပုသိမ် အဝေးပြေးယာဉ်လိုင်ပြေးဆွဲမှု သုံးပုံတစ်ပုံခန့်ကျဆင်း

ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် ရေကြီးရေလျှံမူကြောင့် အဝေးပြေးခရီးသည်ယာဉ်များ သွားလာမှုအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိပြီး ယာဉ်လိုင်းပြေးဆွဲမူ လျှော့နည်းလာကြောင်း ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းက သိရှိရသည်။
 
''ပုံမှန်ဆိုရင် တစ်ရက်ကို ကျွန်မတို့ဂိတ်က (၇)စီးလောက် အဆင်းအတက်လုပ်တယ်။အခုကားလမ်းတွေကလည်း   ရေကျော်နေတော့ သွားဖို့ အခက်အခဲတွေကြောင့် အတက် နှစ်စီး အဆင်း နှစ်စီးလောက်ပဲ ထွက်တော့တယ်''ဟု ရန်ကုန်-ပုသိမ် ပြေးဆွဲနေသော နေလဝင်း ခရီးသည်ပို့ဆောင်ရေးဂိတ်မှ မချမ်းချမ်းက ပြောသည်။
 
ရေကြီးရေလျှံမူများဖြစ်ပေါ်နေခြင်းကြောင့် ရန်ကုန်-ပုသိမ်ပြေးဆွဲနေသော ယာဉ်လိုင်းအချို့မှာ ရပ်နားထားကြပြီး   ပြေးဆွဲနေသောယာဉ်လိုင်းအချို့မှာယာဉ်အန္တရာယ်၊လမ်းအန္တရာယ်များကြောင့် ယခင်ပုံမှန်ပြေးဆွဲနေမထက် သုံးပုံတစ်ပုံခန့် လျော့ချပေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
 
 
''ခါတိုင်းကတစ်ခေါက်မောင်းရင် သုံးနာရီခွဲလောက်ပဲ အလွန်ဆုံးကြာတယ် အခုဆို ခြောက် နာရီခွဲလောက် မောင်းရတယ်၊ ခါတိုင်းထက်လည်း သတိထားပြီးမောင်းနေရတယ်'' ဟု ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုက ယာဉ်မောင်းတစ်ဦးက အတည်ပြုပြောကြားသည်။
 
ရန်ကုန်-ပုသိမ်ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ပုံမှန်ခရီးသည် (၄ဝ မှ ၄၅) ဦးအထိသာ တင်ဆောင်လေ့ရှိသော်လည်း ခရီးသည်နှင့် ထွက်ခွာသည့်ယာဉ်အရေတွက် ကွာဟမှုများကြောင့် ခရီးသည် ၅ဝ မှ ၅၅ ဦးနှင့် အထက် တင်ဆောင်လာကြောင်း ကိုလည်း သိရှိရသည်။
 
လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းများမှာ ယာဉ်စီးခတိုးမြင့်ကောက်ခံခြင်းမရှိပဲ ပုံမှန် နူန်း ထားအတိုင်း တစ်ဦးလျှင် ကျပ် (၃ဝဝဝ)နှုန်းဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
 
ရေကြီးရေလျှံဖြစ်ပေါ်နေသော ပုသိမ်လမ်းပိုင်းတွင် ယာဉ်ဖြတ်သန်းသွားလာမအား နံနက် (၅)နောက်ပိုင်းမှ ညနေ (၈)အထိ သွားလာနိုင်ပြီး လမ်းအန္တရယ် ကင်းရှင်းရန် ည (၈)နာရီမှ နံနက် (၅)အထိ သွားလာမကန့်သတ်ထားခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူသတိပေး ထားခြင်း၊ သက်ဆိုင်ရာမှလည်း သွားလာမှုအဆင်ပြေစေရန် ရေကာသဲအိတ်များထားရှိပေး ကြောင်းကိုလည်း သိရသည်။
နေဖြိုးမြင့် (မြစ်မခ) 

No comments:

Post a Comment