ဘာလော့တယ်လီ၏ လက်ရှိစာချုပ် သက်တမ်းမှာ
(၂၀၁၅)ခုနှစ်ထိ ရှိနေသော်လည်း မန်စီးတီး အသင်းဘက်က သက်တမ်းထပ်မံ
တိုးမြှင့်လိုနေပြီး နှစ်ကူးမတိုင်မီ ဆွေးနွေးမှု ပြုလုပ်လိုနေကြောင်း
သိရသည်။
မန်စီးတီး အသင်းမှ ယခုလို စာချုပ်သက်တမ်း
တိုးမြှင့်လိုနေခြင်းမှာ ဘာလော့တယ်လီအား ခေါ်ယူလိုနေသည့် ပီအက်စ်ဂျီနှင့်
အီတလီ အသင်းများ၏ အန္တရာယ်မှ ကာကွယ်ရန်လည်း ဖြစ်သည်။
ဘာလော့တယ်လီ၏ လက်ရှိလစာမှာ တစ်ပတ် ယူရို
(၁၄၀၀၀၀) ရရှိနေပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှု စတင်ပါက အသင်း၏ လစာ
အများဆုံး ကစားသမားများ ဖြစ်သော ဆေးလ်ဗား၊ အဂူရိုနှင့် တီးဗက်ဇ်တို့ကဲ့သို့
တစ်ပတ် ယူရို (၂၂၅၀၀၀)အတွက် ဆွေးနွေးမည် ဖြစ်သည်။
soccer weekly

No comments:
Post a Comment