![]() |
| ဗန်ပါစီအား မန်ယူအသင်းသို့ ရောင်းချခဲ့ရ၍ စိတ်ပျက်နေသည့် ၀င်းဂါး |
ဗန်ပါစီသည် မန်ယူ အသင်းသို့ ပေါင်
(၂၄)သန်းဖြင့် ပြောင်းရွှေ့သွား ခဲ့ပြီး တနလာင်္နေ့တွင် ကစားရမည့်
အဲဗာတန်နှင့် ပွဲစဉ်တွင် ပထမဆုံး ပွဲထွက် ကစားဖွယ် ရှိနေသည်။ ၀င်းဂါးမှ
အသင်း၏ အဓိက ပြိုင်ဘက် အသင်းအား ဗန်ပါစီကို ရောင်းချခဲ့ရ၍
စိတ်ပျက်မိကြောင်းနှင့် ၎င်းရောင်းချလိုသည့် အသင်းမှာ ပြည်ပ ကလပ်များသာ
ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ပြိုင်ဘက်ကို ပိုပြီး
အင်အားတောင့်တင်းအောင် လုပ်ခဲ့မိပါတယ်၊ ကျွန်တော်တို့ ဘယ်ဈေးပဲ ရရ
မရောင်းပဲ နေခဲ့ရမှာပါ ဒါပေမယ့် မလုပ်ခဲ့ပါဘူး၊ ရိုးရိုးသားသား ပြောရရင်
ပြည်ပ ကလပ်ကိုသာ ရောင်းချခဲ့တာပါ၊ ဥပမာ ပီအက်စ်ဂျီပေါ့ မန်ယူကို
မဟုတ်ပါဘူး”ဟု ၀င်းဂါးမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဝင်းဂါးမှ ဆက်လက်ပြီး ဗန်ပါစီ၏ နေရာတွင် ပြန်လည် အစားထိုးရန် အတွက် လွယ်ကူမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
soccer weekly

No comments:
Post a Comment