Tuesday, August 28, 2012

ပီရီရာအား အပြီးသတ် ခေါ်ယူစာချုပ်ခဲ့သည့် အင်တာမီလန်

အင်တာမီလန် အသင်း၏ ကစားသမားသစ် ပီရီရာ
အင်တာမီလန် အသင်းသည် ပီရီရာအား ပြောင်းရွှေ့ကြေး ယူရို (၁၃.၅)သန်း ၀န်းကျင်ဖြင့် ပေါ်တိုအသင်းမှ အပြီးသတ် ခေါ်ယူစာချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
အင်တာမီလန် အသင်းသည် ပီရီရာအား နည်းပြ စထရာမက်ကွီနီ၏ တောင်းဆိုချက်အရ အသင်း၏ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အင်တာမီလန် အသင်းသည် ပရီရာအား ခေါ်ယူနိုင်ရန် အတွက် စီးရီးအေ ပြိုင်ဘက်အသင်း ဖြစ်သည့် နာပိုလီနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပီရီရာသည် အင်တာမီလန် အသင်းတွင် ၎င်း၏ အသင်းဖော်ဟောင်း ဖြစ်သူ ဂွာရင်နှင့် ပြန်လည် လက်တွဲရမည် ဖြစ်သည်။
“ပီရီရာဟာ အင်တာမီလန် အသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာပါပြီ၊ သူဟာ အသင်းနဲ့ (၄)နှစ် စာချုပ်ခဲ့ပြီး အသင်းမှာ (၂၀၁၆)ခုနှစ်ထိ ရှိနေမှာပါ”ဟု အင်တာမီလန် အသင်းမှ ကြေငြာခဲ့သည်။ 
soccer weekly

No comments:

Post a Comment