Saturday, August 25, 2012

ပီအက်စ်ဂျီအသင်း၏ ကစားသမားသစ် ခေါ်ယူမှု ပြီးဆုံးခဲ့ပြီဟု လီယိုနာဒိုဖွင့်ဟ

ကစားသမားသစ် ထပ်မံခေါ်ယူမည် မဟုတ်ဟု ထုတ်ဖော် ပြောဆိုခဲ့သည့် လီယိုနာဒို
ပီအက်စ်ဂျီ အသင်း၏ ကစားသမားသစ် ခေါ်ယူမှုမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း အသင်း၏ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ပီအက်စ်ဂျီ အသင်းသည် ယခု အပြောင်းအရွှေ့ ကာလအတွင်း ထိပ်တန်း ကစားသမားများ ဖြစ်ကြသော သီယာဂို ဆေးလ်ဗား၊ အီဗာရာဟီမိုဗစ်ခ်ျ၊ လာဗက်ဇီ နှင့် မော်ရာတို့ကို ခေါ်ယူထားပြီး ဖြစ်သည်။
သီယာဂို ဆေးလ်ဗားအား ပရိသတ်များနှင့် တရားဝင် မိတ်ဆက်ပေးသည့် အခမ်းအနား အပြီးတွင် လီယိုနာဒိုမှ ယခု အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီ အသင်းသို့ ကစားသမားသစ်များ ထပ်မံ ရောက်ရှိလာရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ခုရာသီအတွက် နောက်ဆုံး ပြုလုပ်တဲ့ ကစားသမားသစ် မိတ်ဆက်မှု ဖြစ်လာပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ ခေါ်ယူမှုက ပြီးဆုံးသွားပါပြီ”ဟု လီယိုနာဒိုမှ ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment