Thursday, August 16, 2012

ဆိုက်ရောက်ဗီဇာအတွက် နှစ်နိုင်ငံတိုး


ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဩဂုတ် ၁ ရက်နေ့မှ စတင်ကာ ဆိုက်ရောက် ဗီဇာ (Onarrival Visa) အတွက် နိုင်ငံနှစ်နိုင်ငံ ထပ်တိုး လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။
မကာအိုနဲ့ ဟောင်ကောင် နှစ် နိုင်ငံကို တိုးတာပါ၊ ရန်ကုန် လေ ဆိပ်အပြင် အခြားလေဆိပ်တွေမှာ လည်း ဆိုက်ရောက်ဗီဇာကို ပေးဖို့ ရှိပါတယ်”ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆိုက်ရောက်ဗီဇာစနစ်ကို ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ကာလက ကျင့်သုံးခဲ့ဖူးသော်လည်း ရွေးကောက်ပွဲကာလမှ စတင်ပြီး ရပ်ဆိုင်းခဲ့သည်။
၎င်းနောက် ၂၀၁၂ ခုနှစ် ဇွန်လ၁ ရက်နေ့မှစတင်ကာ လုပ်ငန်း ဗီဇာနှင့် ဖြတ်သန်းဗီဇာတို့အတွက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ် ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျ၊ တရုတ်၊ ဒိန်းမတ်ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်၊ တောင်ကိုရီး ယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက် ရောက်ဗီဇာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုလတွင် နိုင်ငံနှစ်နိုင်ငံတိုးလိုက် ခြင်း ဖြစ်သည်။
ဗီဇာ အမျိုးအစားအလိုက် ငွေကြေးကောက်ခံမှု နှုန်းထားမှာ စီးပွားရေးလုပ်ငန်းဗီဇာ ရက် ၇၀ နေထိုင်သူတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၊ ပြည်ဝင်ဗီဇာ ၂၈ ရက်နေထိုင်သူ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၀၊ အစည်းအဝေး နှင့် အလုပ်ရုံဆွေးနွေးပွဲ တွေ့ဆုံမှု ဗီဇာနှင့် နိုင်ငံဖြတ်သန်းခွင့် ဗီဇာ အတွက် အမေရိကန်ဒေါ်လာ ၂၀ ပေးဆောင်ရမည်ဖြစ်ပြီး ရက်ကျော် ဗီဇာများအတွက် တစ်ရက်လျှင် အမေရိကန် ၃ ဒေါ်လာ ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ရက် ၉၀ ကျော်လွန်နေထိုင်သူဖြစ်ပါက တစ် နေ့လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကောက်ခံမည်ဖြစ်သည်။
ဆိုက်ရောက်ဗီဇာအတွက် နှစ်နိုင်ငံ တိုးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာ နိုင်သော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံတွင် တည်းခိုစရိတ်ကြီးမြင့်နေ ခြင်းက ခရီးသွားဧည့်သည်များ အတွက် အခက်အခဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုက ပြောကြားသည်။
ဆိုက်ရောက်ဗီဇာ အပါအဝင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ နေ့စဉ်နိုင်ငံခြားသား ဝင် ရောက်မှု ၁၅၀ဝ ကျော်ရှိနေကြောင်း ယင်းလေဆိပ်မှသိရသည်။ ရန်ကုန် လေဆိပ်မှ ရရှိသော စာရင်းအရ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၇ ရက် နေ့အထိ ဆိုက်ရောက်ဗီဇာဖြင့် ဝင် ရောက်သူ ၂၄၅၀ ရှိသည်။
ရဲရင့်မိုးအောင်
Venus News

No comments:

Post a Comment