Wednesday, August 22, 2012

ဂျပန်နိုင်ငံ အီတာမီလေဆိပ်ရှိ လေယာဉ်ပြေးလမ်း အက်ကွဲမှုကြောင့် လေဆိပ်အား ပိတ်ခဲ့ရ


ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာစီရင်စုရှိအိုဆာကာအီတာမီ လေဆိပ်တွင် လေယာဉ်ပြေးလမ်းတစ်ခု၏ မျက်နှာပြင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိခဲ့ပြီးနောက် သြဂုတ် ၂၁ ရက် နံနက်ပိုင်းကအဆိုပါလေဆိပ်မှဆိုက်ကပ်ထွက်ခွာမည့် လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း ဒေသ
တွင်း ထုတ်ပြန်သော သတင်းများအရ သိရသည်။ လေယာဉ်ပြေးလမ်း မျက်နှာပြင်၌ ဖြစ်ပေါ်နေသော အက်ကွဲကြောင်းများကို ဒေသ စံတော်ချိန် နံနက် ၆ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် လေယာဉ်ကွင်း အမှုထမ်းများက တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပြေးလမ်းဆွဲမည့် ခရီးစဉ် မစတင်မီ၌ မီတာ ၃၀၀၀ အရှည် ရှိသည့် အဆိုပါ ပြေးလမ်းကို လေယာဉ် အမှုထမ်းများက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့နောက် ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် ၄င်းပြေးလမ်းကို ပိတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment