Friday, August 10, 2012

ဥရောပရှိ ကားများပါ ဝယ်ယူနိုင်သော အွန်လိုင်းကားပြပွဲကို ကျင်းပသွားမည်


မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် အဖြစ် အရှေ့အာရှရှိ ကားများ သာမက အနောက် ဥရောပရှိ ကားများကိုပါ တစ်နေရာ တည်းတွင် ဝယ်ယူ နိုင်သော အွန်လိုင်းကားပြပွဲကို နှစ်လ ထပ်မံ ကျင်းပ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း iBiz Service မှ သိရသည်။
အဆိုပါ အွန်လိုင်းကားပြပွဲကြီးကို 2012 Online Car Expo ပြပွဲကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ www.myanmarexpo.net တွင် ကျင်းပ ပြုလုပ်လျက် ရှိသည်။ ၁၅ ရက်နေ့အထိ ယင်းအွန်လိုင်း ကားပြပွဲကြီးကို ကျင်းပပြုလုပ်ပြီးပါက အိုမြန်မာအွန်လိုင်း ရှော့ပင်းမော်လ်ကြီး ဖြစ်သည့်www.omyanmar.com တွင် နှစ်လ ထပ်မံ၍ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
အွန်လိုင်းကားပြပွဲတွင် ပြည်တွင်းပြည်ပရှိ ကားအရောင်းဆိုင် စင်တာကြီးများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ မော်ဒယ်မြင့်ကားများနှင့် ခေတ်မီကားများကို မိမိတို့ စိတ်ကြိုက် အချိန်ကုန် သက်သာစွာဖြင့် လျင်မြန်စွာ ဝယ်ယူနိုင်သည့်အပြင် ရုံးသုံး၊ အိမ်သုံး မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ၊ ကားတာယာ၊ စက်ဆီ၊ ချောဆီလုပ်ငန်းများ အပါအဝင် ကားအလှဆင်ပစ္စည်းများပါ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။
ယင်းအွန်လိုင်းကားပြပွဲတွင် ဝယ်ယူလိုသူများသည် မိမိတို့နှစ်သက်သည့် ကားများနှင့် မိမိတို့ စိတ်ကြိုက်ပစ္စည်းများကို အသေးစိတ် ကြည့်ရှုလေ့လာ ဝယ်ယူနိုင်သည့်အပြင် အသေးစိတ် ထပ်မံသိရှိလိုပါက သက်ဆိုင်ရာဆိုင်များမှ အရောင်းသမားများနှင့် အင်တာနက်ပေါ်တွင် တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။       

ရှိန်းဝင်းထိုက်
The it Times

No comments:

Post a Comment