Friday, August 3, 2012

ကမ္ဘာပေါ်ရှိ မည်သည့်ကလပ်မဆို လာလီဂါတွင် ယှဉ်ပြိုင်ပါက တတိယနေရာသာ ရရှိနိုင်သည်ဟု မော်ရင်ဟို ကြုံးဝါး

ရီးရဲလ် နှင့် ဘာကာသာ ကမ္ဘာ့ အကောင်းဆုံးအသင်းဟု ပြောဆိုခဲ့သည့် မော်ရင်ဟို
ရီးရဲလ်အသင်း၏ နည်းပြ မော်ရင်ဟိုမှ သူ၏ အသင်းနှင့် ဘာစီလိုနာ အသင်းတို့သည့် ကမ္ဘာပေါ်တွင် အကောင်းဆုံး အသင်းဖြစ်ကြောင်းနှင့် မည်သည့် အသင်းမဆို လာလီဂါပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက ယင်းနှစ်သင်း၏ အထက်တွင် ရပ်တည်နိုင်မည် မဟုတ်ကြောင်း ကြုံးဝါးပြောဆို ခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလက ပရီးမီးယားလိဂ်တွင် ပြန်လည်၍ နည်းပြလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် မော်ရင်ဟိုသည် ယခုအခါတွင် လာလီဂါ ပြိုင်ပွဲသည်သာ ပါရမီရှင် ကစားသမားများ ပြိုင်ပွဲဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
“ကျွန်တော် ပြောနေကျ စကားက ကမ္ဘာပေါ်မှာ ရှိသမျှ ဘယ်ကလပ်မဆို လာလီဂါမှာ လာပြိုင်ရင် တတိယ နေရာပဲ ရမှာပါ၊ မန်စီးတီး လာမလား၊ မန်ယူ လာမလား၊ ချယ်လ်ဆီးလာမလား၊ ဘယ်သူလာလာ သူတို့တွေ တတိယ နေရာပဲ ရမှာပါ ဘာလို့လည်း ဆိုတော့ ကမ္ဘာ့ အကောင်းဆုံး အသင်းနှစ်သင်းက လိဂ်တစ်ခုတည်းမှာ ယှဉ်ပြိုင်နေလို့ပါ” ဟု မော်ရင်ဟိုမှ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment