Thursday, August 9, 2012

သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ဖီဖာအဆင့်သတ်မှတ်ချက်၏ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည့် အင်္ဂလန်အသင်း

အင်္ဂလန် အသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
အင်္ဂလန် အသင်းသည် ယူရိုပြိုင်ပွဲတွင် (၁၉၉၆)ခုနှစ် နောက်ပိုင်း ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပဲ ပြီးခဲ့သော ယူရို-၂၀၁၂ ပြိုင်ပွဲတွင် ကျဆုံးခဲ့သော်လည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်မူ စပိန် နှင့် ဂျာမနီ အသင်းတို့၏အောက် တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အင်္ဂလန် အသင်းသည် ပြီးခဲ့သော ဇူလိုင်လက ဘောလုံးပွဲ ကစားခဲ့ခြင်း မရှိသော်လည်း ယခင် တတိယနေရာရှိ ဥရုဂွေး အသင်းကို ဖြတ်ကျော်၍ အဆင့် တစ်ဆင့် မြင့်တက်ခဲ့သည်။
ဖီဖာ၏ ယခု အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေပြီး အထွေထွေ အတွင်းရေးမှုး ဗော့လ်ကီက ယင်းအဆင့် သတ်မှတ်ချက်နှင့် ပတ်သက်၍ ကာကွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
သြဂုတ်လ အတွက် ထုတ်ပြန်ခဲ့သည့် ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဘရာဇီး အသင်းသည် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရပ်တည်မှု အဖြစ် အဆင့် (၁၃)နေရာသို့ ကျဆင်းသွား ခဲ့ပြီး ပေါ်တူဂီ၊ အီတလီ နှင့် အာဂျင်တီးနား အသင်းတို့သည် ယခင်လက အဆင့်သတ်မှတ်ချက် အတိုင်း အဆင့် (၅) (၆) နှင့် (၇)နေရာတို့တွင် အသီးသီး ရပ်တည်နိုင်ခဲ့သည်။
ဟော်လန်၊ ခရိုအေးရှား နှင့် ဒိန်းမတ် အသင်းတို့သည့် အဆင့် (၁၀) နေရာအတွင်း ၀င်ခဲ့သည်။ တောင်ဆူဒန် အသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ပထမဆုံး အကြိမ်အဖြစ် ပါဝင်ခဲ့ပြီး အသင်းပေါင်း (၂၀၉)သင်း ဖြစ်သွားခဲ့ကာ ယင်းအသင်းသည် အဆင့် (၁၉၉)တွင် ရပ်တည်ခဲ့သည်။ 
soccer weekly

No comments:

Post a Comment