Wednesday, August 29, 2012

ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်သော ခြေထောက် အနာပေါက် ပုပ်ဆွေးဝေဒနာ


ဆီးချို၊ သွေးချိုရောဂါ ဝေဒနာ ရှင်များ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း သည် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင် များဖြစ်ကြသည်။ ထိုဆီးချိုသွေးချို ရောဂါဝေဒနာရှင် ၄ ဦးလျှင် ၁ ဦးသည် ခြေထောက် နာဗ်ကြောများ ပျက်စီးပြီး၊ ခြေထောက်သွေးကြော ထဲ၌ သွေးခဲပိတ် ဆို့ကာ သွေးစီး ဆင်းမှု မရှိသော ခြေထောက်၊ ခြေ ချောင်းများပုပ်သည့် အခြေအနေ သို့ ရောက်ရှိ နေကြ သည်။
ဆီးချိုသွေးချို ရောဂါဝေဒနာရှင် များသည် သွေး တွင်းသကြားဓာတ်ကို မထိန်းထား နိုင်ခြင်းကြောင့် ထိုကဲ့သို့ ခံစားရခြင်း ဖြစ်သည်။ ခြေထောက်၊ ခြေချောင်း များ ပုပ်သွားခြင်းကြောင့် အဖြတ်ခံခဲ့ ရပြီးနောက် ၅နှစ်ခန့် အကြာတွင် သေဆုံးသွားခဲ့ရသည့် ရာခိုင်နှုန်းမှာ ၄၀ရာခိုင်နှုန်းခန့်ရှိသည် ဟု ဆိုပါသည်။
ထို့ကြောင့် ဆီးချိုသွေးချို ဝေဒနာ ရှင်များသည် ထိုဝေဒနာ မဖြစ်ရန် အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းထားရမည်။ ချိုသော အစား အစာ၊ မုန့်၊ သစ်သီးများစားသုံးခြင်းကို ရှောင်ရှားပေးရမည်။ သို့သော် အချိုဓာတ် သိပ်လျော့နည်း ပါက မူး ဝေတတ်သည် ဖြစ်၏။
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
 Ref : Sin Chew Weekly (Malaysia)
Health Digest

No comments:

Post a Comment