Saturday, August 18, 2012

အနီတာအား အပြီးသတ် ခေါ်ယူနိုင်ခဲ့သည့် နယူးကာဆယ်

နယူးကာဆယ် အသင်းသည် အေဂျက်ဇ် အသင်း၏ ကွင်းလယ် ကစားသမား အနီတာအား အပြီးသတ် ခေါ်ယူစာချုပ်နိုင် ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။
ဗဟိုကွင်းလယ် ကစားသမား ဖြစ်သူ အနီတာသည် တောင်ပံ ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး ၎င်းသည် နယူးကာဆယ် အသင်းနှင့် (၅)နှစ် စာချုပ်ခဲ့သည်။
နယူးကာဆယ် အသင်း၏ နည်းပြဖြစ်သူ ပါဂျူးမှ အနီတာအား ခေါ်ယူနိုင်ခဲ့သည့် အတွက် အလွန်ပင် စိတ်ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ပြီးခဲ့သော ရာသီက အေဂျက်ဇ် အသင်းနှင့် ဟော်လန် အမှတ်ပေး ဆုဖလား ရရှိခဲ့သည့် အနီတာသည် (၁၇)ပွဲတွင် (၂)ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment