Friday, August 24, 2012

မာတီနက်ဇ်သည် ယူရိုသန်း (၄၀)တန်သူ မဟုတ်ဟု အဖ်ဖန်ဘတ်ဝေဖန်

ယူရိုသန်း (၄၀)နှင့် ထိုက်တန်ခြင်း မရှိသူဟု အဖ်ဖန်ဘတ်မှ ဝေဖန်ခဲ့သည့် မာတီနက်ဇ်
ဂျာမနီ ကစားသမားဟောင်း အဖ်ဖန်ဘတ်သည် ဘိုင်ယန်မြူနစ် အသင်းမှ ယူရိုသန်း (၄၀)ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေသည့် မာနီတက်ဇ်အား ယင်းပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သူ မဟုတ်ကြောင်း ဝေဖန် ပြောဆိုခဲ့သည်။
ဘိုင်ယန်မြူနစ် အသင်းမှ မာတီနက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ပြောင်းရွှေ့ကြေး လျော့ချပေး စေလိုနေပြီး ဘီလ်ဘာအို အသင်းက ကစားသမား၏ စာချုပ်လျော်ကြေး ဖြစ်သော ယူရိုသန်း (၄၀)ထက် လျော့ချ၍ ရောင်းချလိုခြင်း မရှိကြောင်း သိရသည်။
အဖ်ဖန်ဘတ်မှ မာတီနက်ဇ်သည် ဘိုင်ယန်မြူနစ် အသင်း၏ ကွင်းလယ် အတွက် အရံသင့် အသုံးပြုနိုင်မည့် ကစားသမား ဖြစ်သည်ဟု ယုံကြည်နေသော်လည်း ၎င်း၏ ပြောင်းရွှေ့ကြေး အပေါ် သံသယ ဖြစ်နေကြောင်း သိရသည်။
“သူဘိုင်ယန် အသင်းမှာ အကောင်းဆုံး ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်၊ ပြီးတော့ သူဟာ ဘွန်းဒက်စ်လီဂါရဲ့ ကြယ်ပွင့် ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် မေးကြည့်မိတာကတော့ သူဟာ ဒီပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ရဲ့လား ဆိုတာပါပဲ ဒါဟာ ကြီးမားတဲ့ စွန့်စားမှုပါ”ဟု အဖ်ဖန်ဘတ်မှ သူ၏ ခံစားချက်အား ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment