Tuesday, August 21, 2012

ဆောင်းအား အပြီးသတ် ခေါ်ယူခဲ့သည့် ဘာစီလိုနာ

ဘာကာသို့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့သည့် ဆောင်း
ဘာစီလိုနာ အသင်းသည် အာဆင်နယ် အသင်း၏ ကွင်းလယ် ကစားသမားဆောင်းအား ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းဖြင့် အပြီးသတ် ခေါ်ယူစာချုပ်ခဲ့သည်။
ဆောင်းသည် ဘာစီလိုနာ အသင်းနှင့် (၅)နှစ် စာချုပ်ခဲ့ပြီး ကွင်းလယ်ပိုင်းတွင် ပုံမှန် နေရာရရန် အတွက် ဘတ်စ်ကွက်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ “အာဆင်နယ် အသင်းမှာ ရှိနေတဲ့ လူတွေအကုန်လုံးက ဆောင်းအသင်းမှာ ပါဝင်ခဲ့တာတွေ အတွက် ကျေးဇူးတင်နေပါတယ် ပြီးတော့ သူ့ရဲ့ အနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေး ပါတယ်”ဟု အာဆင်နယ် အသင်း၏ ၀က်ဘ်ဆိုက်တွင် ရေးသား ဖော်ပြခဲ့သည်။
ဆောင်းသည် အာဆင်နယ် အသင်းတွင် (၂၀၆)ပွဲ ပါဝင် ကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူပေးခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment