Tuesday, August 7, 2012

ကာဇိုလာအား အပြီးသတ် ခေါ်ယူစာချုပ်နိုင်ခဲ့သည့် အာဆင်နယ်

အာဆင်နယ် အသင်းမှ ခေါ်ယူခဲ့သည့် ကာဇိုလာ
အာဆင်နယ် အသင်းသည် ကာဇိုလာအား နှစ်ရှည်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် မာလာဂါ အသင်းမှ အပြီးသတ် ခေါ်ယူနိုင် ခဲ့ပြီဖြစ်သည်။
အသက် (၂၇)နှစ် အရွယ်ရှိ ကွင်းလယ် တိုက်စစ် ကစားသမားသည် ယခုနှစ် နွေရာသီအတွင်း အာဆင်နယ် အသင်းသို့ ရောက်ရှိလာခဲ့သည့် တတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။ ကာဇိုလာ၏ ပြောင်းရွှေ့ကြေးအား တရားဝင် ဖော်ပြခဲ့ခြင်း မရှိသော်လည်း ပေါင် (၁၈)သန်း ၀န်းကျင်ပေးခဲ့ရသည်ဟု ခန့်မှန်းရသည်။
“အာဆင်နယ် အသင်းကို ပြောင်းခွင့်ရတဲ့ အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်၊ ဒီကလပ်က ကစားသမားကောင်း၊ ခမ်းနားတဲ့ အားကစားကွင်း နဲ့ ပရိသတ် အများကြီး ရှိတဲ့ကလပ်ပါ”ဟု ကာဇိုလာမှ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment