Friday, August 10, 2012

ကာဆာနို နှင့် ဘော်ရယ်လီယိုအား လဲလှယ်ရန် စဉ်းစားနေသည့် အေစီမီလန်

ရိုးမားအသင်းသို့ ပြောင်းရွှေ့ဖွယ် ရှိနေသည် ကာဆာနို
အေစီမီလန် အသင်းသည် ကာဆာနိုအား ရိုးမား အသင်းသို့ ပြောင်းရွှေ့ခွင့်ပေး၍ ဘော်ရယ်လီယိုအား ပြန်လည် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အေစီမီလန် အသင်းသည် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့သွား ခဲ့သည့် အီဗရာဟီမိုဗစ်ခ်ျ၏ နေရာတွင် ပြန်လည် အစားထိုးရန် အတွက် တိုက်စစ်မှူး တစ်ဦးရှာဖွေနေပြီး ဘော်ရယ်လီယိုမှာ အေစီမီလန် အသင်း၏ ပစ်မှတ်များထဲမှ တစ်ဦး အပါအ၀င် ဖြစ်သည်။
အသက် (၃၀) အရွယ်ရှိပြီ ဖြစ်သည့် ဘော်ရယ်လီယိုသည် အေစီမီလန် အသင်းတွင် နှစ်နှစ်ခွဲ ကစားခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါတွင် ရိုးမား အသင်း၌ နေရာရရန် ရုန်းကန်ရမည့် အခြေအနေနှင့် တွေ့ကြုံနေရခြင်းကြောင့် အေစီမီလန် အသင်းသို့ ပြန်လာရန် စဉ်းစားနေသူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment