Wednesday, August 22, 2012

၂၀၁၃ အာဆီယံဆီးဂိမ်းစ်အမီ ငါးထောင် တန်ဖုန်း ထွက်ရှိမည်ဟုဆို


မြန်မာပြည်သူ အများ စိတ်ပါဝင်စားမှု မြင့်တက် လျက် ရှိသော ကျပ်ငါး ထောင်တန် ဖုန်းများကို ၂၀၁၃ ဆီးဂိမ်းစ်ပွဲအမီ ထွက်ပေါ်လာရန် ရှိသော် လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ရေးမှာ မဖြစ်နိုင်သေးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီမှအထွေထွေမန်နေဂျာဦးထန့်ကျင်ထောင်းက ပြောကြားသည်။
“အခုလုပ်နေတဲ့ Project ကို ခင်ဗျားတို့လဲသိမှာပါ။ တင်ဒါခေါ် တယ်။ တင်ဒါစည်းမျဉ်းတွေဆွဲ တယ်။ အဲဒီလောက်ပဲ ရှိပါတယ်။ အဓိကကတော့ ဆီးဂိမ်းစ် အမီတော့ လုပ်နေတယ်လို့ ယူဆရတယ်။ တစ် ပြည်လုံး မရနိုင်ရင်တောင်မှ အရေး ကြီးဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အဲ့ဒီဒေသတွေ ကိုတော့ မီအောင်ကြိုးစားနေတယ် လို့ မြင်ပါတယ်”ဟု ၄င်းပုဂ္ဂိုလ်ကပြောသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၃ ဆီးဂိမ်းစ်အမီ ကျပ် ငါးထောင်တန် ဖုန်းထွက်ပေါ်နိုင်ခြင်း ရှိမရှိ ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန (နေပြည်တော်) ပြည် ထောင်စုဝန်ကြီးရုံးသို့ အတည်ပြု ချက်ရယူရန်အတွက် ဆက်သွယ် စုံစမ်းမေးမြန်းရာ ဖြေဆိုရန် ငြင်းဆို ခဲ့သည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ် လီပို့တို့အနေဖြင့် မိဘပြည်သူများ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ် ငန်းများကို နိုင်ငံတကာအဆင့်မီ သုံးစွဲနိုင်ရန် ရည်ရွယ်၍ ပြည်တွင်း ပြည်ပရှိ ဆက်သွယ်ရေး ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ (Joint Venture) ဆောင်ရွက်ပြီး Mobile, PSTN, IT, Internet စသည့်ဆက် သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ကို အပြည်ပြည်ဆိုင်ရာတင်ဒါခေါ် ယူ၍ စိစစ်ရွေးချယ်ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွင်း ပထမဆုံး မိုဘိုင်းဖုန်းအဖြစ် GSM မိုဘိုင်းဖုန်း များကို ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင် တွင် စတင်ချထားပေးခဲ့ကာ ပြင်ပ ပေါက်ဈေး ကျပ်သိန်း ၅၀ ထိရှိခဲ့ ကြောင်း၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ မှ စတင်၍ ကျပ်ငါးသိန်းတန်CDMA 800 MHz ၊ CDMA 450 MHz ၊GSMဖုန်းများကို စတင် ချထားပေးခဲ့ပြီး ယခုနှစ် ဧပြီလမှစတင်၍ ကျပ်နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်း ကို ရောင်းချပေးလျက်ရှိသည်။
ဘုန်းမြတ်
Venus News

No comments:

Post a Comment