Thursday, August 30, 2012

ကြော်ငြာဆိုင်းဘုတ်များကိုလည်း နာမည်ပျက်စာရင်းသွင်းသွားမည်

ရန်ကုန်မြို့တော်နယ်နမိတ်အတွင်းမြို့တော်အဂါင်္ရပ်နှင့်မညီညွှတ်သည့်ခွင့်ပြုချက်မရှိသော ကြော်ငြာဆိုင်း
ဘုတ်များအား  နာမည်ပျက်စာရင်းသွင်းကာ အေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု မြို့တော်စည်ပင်သာယာရေးကော်မတီက သိရှိရသည်။
 
''အခုလက်ရှိမှာ ခွင့်ပြုချက်မရှိပဲ စိုက်ထားတဲ့ ကြော်ငြာဆိုင်းဘုတ် အများကြီးတွေ့ရတယ် မရမ်းကုန်းနဲ့ ဗဟန်းမြို့နယ်တွေမှာ မြို့အဂါင်္ရပ်နဲ့မညီတဲ့ ဆိုင်းဘုတ်တွေကိုချက်ချင်းဖြုတ် ချခိုင်းတယ်။ အဲ့ဒီကုမ္ပဏီိတွေကိုလည်း နာမည်ပျက်စာရင်းထဲ သွင်းသွားမယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(လမ်း၊တံတား အင်ဂျင်နီယာဌာန)မှတာဝန်ရှိသတစ်ဦးက ပြောသည်။
 
လက်ရှိတွင် မြို့အဂါင်္ပ်နှင့် မညီသော ဆိုင်းဘုတ်ဖြုတ်ချခိုင်းမများ ဆောင်ရွက်လျှက်ရှိပြီး အမည်ပျက်စာရင်းသွင်းခံထားရသည့် ကုမ္ပဏီများ(၅)ခုရှိကြောင်းကိုလည်း သိရသည်။
 
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်တွင်း ကြော်ငြာဆိုင်းဘုတ်များအား ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ ရှေးဟောင်းအဆောက်အအုံ၊ ကျောင်း၊ဆေးရုံ၊လူသွားစင်္ကြန်စသည့် နေရာများတွင် စိုက်ထူခွင့်ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
''အချို့ကြော်ငြာထားတာဆို ဟိုပေါ်ဒီပေါ်တွေ ကြော်ငြာထားတဲ့ ကုန်ပစ္စည်းနဲ့သရုပ်ဆောင်ထားတဲ့ ပုံစံတွေက အရမ်းကို ရိုင်းတာတွေရှိတယ်။ အဲဒါတွေကဘုန်းကြီးတွေ ကလေးသူငယ်တွေအတွက်လည်း မကောင်းပါဘူး'' ဟု ဆူးလေး(၁၅)လမ်းတွင်နေထိုင်သော အိမ်ရှင်မတစ်ဦးက ပြောသည်။
 
အဆိုပါ နေရာများတွင် ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်မူများပြားခြင်း၊အများပြည်သူများနှင့် ဘုန်းကြီးများသွားလာရာတွင်စိတ်အနှောက်အယှက်ဖြစ်ပေါ်မူများရှိစေခြင်းတို့ကြောင့်ကန့်သတ်မူများ ပြု
လုပ်ရခြင်းဖြစ်ကြောင်း စည်ပင်ဌာနမှ သိရှိရသည်။
 
ရန်ကုန်မြို့တော်နယ်နမိတ်အတွင်း၌ စီးပွားရေးလုပ်ငန်းရှင်များ၏ကြော်ငြာဆိုင်းဘုတ်များအား(၁-၄-၂ဝ၁၂)မှ(၃၁၈၂ဝ၁၂)အထိ(၅)လတာအခမဲ့စိုက်ထူခွင့်ပြုခဲ့ကြောင်း၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်
၍(၂ဝ-၉)ပေအောက်ဆိုင်းဘုတ်များ ဖြုတ်ချသွားမည်ဖြစ်ပြီး(၂ဝ-၉)ပေနှင့်အထက် ဆိုင်းဘုတ်များအား (၃၁-၃-၂ဝ၁၃) ဘဏ္ဍရေးနှစ်အကုန်အထိ ခွင့်ပြု သွားမည်ဖြစ်သည်။
ယမင်း(မြစ်မခ)

No comments:

Post a Comment