Saturday, August 11, 2012

အယ်လ်လန်အား ယူရို (၁၉)သန်းဖြင့် စာချုပ်ခေါ်ယူခဲ့သည့် လီဗာပူးလ်

လီဗာပူးလ် အသင်းနှင့် စာချုပ်ခဲ့သည့် အယ်လ်လန်
လီဗာပူးလ် အသင်းသည် ဆွမ်းဆီးအသင်း၏ ကွင်းလယ် ကစားသမား ဂျိုးအယ်လန်အား အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
အသက် (၂၂)နှစ် အရွယ်ရှိ အယ်လ်လန်သည် လီဗာပူးလ် အသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် သက်တမ်းရှည် စာချုပ်တစ်ရပ်တွင် လက်မှတ်ရေးထိုး ခဲ့သည်။ အယ်လ်လန်သည် လီဗာပူးလ် အသင်းတွင် လက်မှတ်ရေးထိုးခ ပေါင် (၂)သန်း အပြင် တစ်ပတ်လုပ်ခ ပေါင် (၄၅၀၀၀)ရရှိမည်ဟု Goal.comက ဖော်ပြခဲ့သည်။
အယ်လ်လန်က “ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ ဒီကလပ်ရဲ့ သမိုင်းကြောင်းကို လူတိုင်းသိပါတယ်၊ အရမ်းကြီးကျယ်တဲ့ ကလပ်ပါ၊ ကျွန်တော်ဒီအသင်းကို ရောက်ခဲ့တဲ့ အတွက် အရမ်းကို ကျေနပ်မိပါတယ်”ဟု လီဗာပူးလ် အသင်းနှင့် ပတ်သက်သည့် ခံစားချက်များကို ဖွင့်ဟခဲ့သည်။ 
soccer weekly

No comments:

Post a Comment