Saturday, August 4, 2012

မန်ယူအသင်းနှင့် (၄)နှစ်သက်တမ်းတိုးခဲ့သည့် လင်းဒီဂတ်ဒ်

မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတိုး ခဲ့သည့် လင်းဒီဂတ်ဒ်
မန်ယူ အသင်း ဂိုးသမား လင်းဒီဂတ်ဒ်သည် အသင်းနှင့် လေးနှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆို ခဲ့ခြင်းကြောင့် မန်ယူ အသင်းတွင် (၂၀၁၅-၁၆) ဘောလုံးရာသီ အထိ ဆက်လက်ရှိနေမည် ဖြစ်သည်။
မန်ယူ အသင်းသို့ ဇန်န၀ါရီလ (၂၀၁၁)ခုနှစ်တွင် ရောက်ရှိလာခဲ့သည့် လင်းဒီဂတ်ဒ်သည် အသင်းအတွက် (၁၃)ပွဲ ပါဝင် ကစားပေးခဲ့ပြီး ဒဏ်ရာမရခင် အချိန်ထိ နံပါတ် (၁)ဂိုးသမား အဖြစ် နေရာရခဲ့သူ ဖြစ်သည်။ လင်းဒီဂတ်ဒ်သည် ယခုအခါတွင် ဒူးဒဏ်ရာ ပြဿနာမှ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်ကာ မန်ယူအသင်း၏ ရာသီကြို ခြေစွမ်းပွဲ ခရီးစဉ်တွင် လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။
“စာချုပ်သစ်မှာ လက်မှတ်ထိုးနိုင် ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်၊ နည်းပြက ကျွန်တော့်အပေါ်မှာ ယုံကြည်မှုကို ပြသခဲ့ပြီး စာချုပ်သစ် ကမ်းလှမ်းခဲ့လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”ဟု လင်းဒီဂတ်ဒ်မှ အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။
ဖာဂူဆန်ကလည်း အသက် (၂၈)နှစ် အရွယ်ရှိ လင်းဒီဂတ်ဒ်အား အသင်းတွင် ဆက်လက် ထိန်းသိမ်းထားနိုင် ခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment