Friday, August 24, 2012

ဟမ်းဘတ်သို့ ပေါင် (၉.၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့ရန် ရှိနေသည့် ဗန်ဒါဗတ်

ဟမ်းဘတ်သို့ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေသည့် ဗန်ဒါဗတ်
စပါးစ် အသင်း ပရိသတ်များ၏ အချစ်တော် ကစားသမား ဗန်ဒါဗတ်သည် နည်းပြ ဘိုအာ့စ်၏ ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်နေပြီး ၎င်း၏ အသင်းဟောင်းသို့ ပြန်လည် ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။
ဘိုအာ့စ်သည် အသင်း၏ ပထမ ကစားသမား (၆)ဦးကို ထွက်ခွာခွင့် ပေးခဲ့ပြီးပြီ ဖြစ်ကာ ဗန်ဒါဗတ်သည်လည်း (၇)ယောက်မြောက် ကစားသမား ဖြစ်လာဖွယ် ရှိနေသည်။ ဗန်ဒါဗတ်သည် လွန်ခဲ့သော နှစ်နှစ်က စပါးစ် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းတွင် လျင်မြန်စွာ အံဝင်ခဲ့ကာ ချန်ပီယံလိဂ် နှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် အဖိုးတန် ဂိုးများကို သွင်းယူပေးခဲ့သူ ဖြစ်သည်။
ဗန်ဒါဗတ်သည် ၎င်း၏ အသင်းဟောင်း ဖြစ်သော ဟမ်းဘတ်သို့ ပြောင်းရွှေ့ကြေး ပေါင် (၉.၅)သန်းဖြင့် ပြန်လည် ရောက်ရှိရန် နီးစပ်နေသည်။ ဗန်ဒါဗတ်သည် ဟမ်းဘတ် အသင်းတွင် (၃)နှစ်တာ ကစားခဲ့ဖူးပြီး (၁၁၂)ပွဲတွင် (၄၈)ဂိုး သွင်းယူနိုင်ခဲ့သည်။ 
soccer weekly

No comments:

Post a Comment