Friday, August 31, 2012

ပရီးမီးယားလိဂ် ဆုဖလား ရယူရန် ပစ်မှတ်ထားနေသည့် ဆီးဆာ

ကျူပီအာ အသင်း၏ ဂိုးသမားသစ် ဆီးဆာ
ကျူပီအာ အသင်း၏ ဂိုးသမားသစ် ဖြစ်သူ ဆီးဆာသည် ၎င်း၏ အသင်းသစ်ဖြင့် ပရီးမီးယားလိဂ် ဆုဖလား ရယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အသက် (၃၂)နှစ် အရွယ်ရှိ ဆီးဆာသည် ကျူပီအာ အသင်းနှင့် (၄)နှစ် စာချုပ်ခဲ့သူ ဖြစ်သည်။ အင်တာမီလန် အသင်းနှင့် ချန်ပီယံလိဂ် ဆုဖလား ရယူခဲ့ဖူးသည့် ဆီးဆာသည် ၎င်း၏ အသင်းသစ်ဖြင့် အင်္ဂလန်မြေတွင် အောင်မြင်မှုများ ရယူလိုနေခြင်းလည်း ဖြစ်သည်။
“ပရိသတ်၊ နည်းပြ၊ ဥက္ကဋ္ဌနဲ့ ကျွန်တော့်ကိုယ်တိုင် အတွက် အကောင်းဆုံး ကစားမှာပါ၊ ထိပ်ဆုံးလေးသင်း စာရင်းဖို့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့နဲ့ တစ်နေ့မှာ ပရီးမီးယားလိဂ် ဆုဖလား ရယူလိုပါတယ်”ဟု ဆီးဆာမှ ထုတ်ဖော် ပြောဆိုခဲ့သည်။
ကျူပီအာ အသင်းသည် လာမည့် စနေနေ့တွင် မန်စီးတီး အသင်းနှင့် ကစားရမည် ဖြစ်ပြီး ဆီးဆာသည် ယင်းပွဲစဉ်တွင် ပထမဆုံး ပွဲထွက် ကစားဖွယ် ရှိနေသည်။ 
soccer weekly

No comments:

Post a Comment