Friday, August 10, 2012

ဒီရော့စီအား လိုချင်ပါက ယူရိုသန်း (၁၀၀)ပေးရမည်ဟု ရိုးမားအသင်း သတိပေး

ရိုမား အသင်းမှ ယူရိုသန်း (၁၀၀)ကျော် အလိုရှိနေသည့် ဒီရော့စီ
ရိုးမား အသင်းသည် ကွင်းလယ် ကစားသမား ဒီရော့စီအား ရောင်းချရန် စဉ်းစားနေသည် ဆိုသော သတင်းများကို အသင်း၏ အားကစား ဒါရိုက်တာ စဘာတီနီမှ ငြင်းဆိုခဲ့သည်။
အသက် (၂၉)နှစ် အရွယ်ရှိ ဒီရော့စီအား ပြီးခဲ့သော အပတ်များက မန်စီးတီးမှ ခေါ်ယူရန် ကြိုးပမ်းမှုများ ပြုလုပ်ပြီး ရိုးမားအသင်းကလည်း ၎င်းတို့၏ ကွင်းလယ် ကစားသမားအား ယူရိုသန်း (၃၀)ဖြင့် ရောင်းချရန် ပြင်ဆင်နေပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရိုးမား အသင်း၏ အားကစား ဒါရိုက်တာ ဖြစ်သူမှ ယင်းသတင်းများကို အလျှင်အမြန်ပင် ငြင်းဆိုခဲ့ပြီး “မဖြစ်နိုင်သော ကမ်းလှမ်းချက်”ဟု ပြောဆိုခဲ့သည်။
“ဒီရော့စီက ကျွန်တော်တို့ အသင်းရဲ့ ဦးဆောင်သူပါ ဒါကြောင့် သာမာန်အားဖြင့် သူ့ကိုရောင်းချဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု စဘာတီနီက ဖွင့်ဟ ပြောဆိုခဲ့သည်။
စဘာတီနီမှ ဆက်လက်ပြီး အကယ်၍ ရူးသွပ်သော ကမ်းလှမ်းမှုမျိုး ရှိလာမှသာ ဒီရော့စီအား ရောင်းချရန် စဉ်စားမည်ဟု ပြောဆိုခဲ့သည်။ ယင်းရူးသွပ်သော ကမ်းလှမ်းမှုမျိုးမှာ မည်သို့သော ကမ်းလှမ်းမှုမျိုးကို ပြောဆိုခြင်း ဖြစ်သည်ကို မေးမြန်းခဲ့ရာတွင် ကာဗာနီအတွက် နာပိုလီ အသင်း ရရှိခဲ့သော ယူရိုသန်း (၁၀၀)ထက် ပိုသော ကမ်းလှမ်းမှုမျိုးကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု စဘာတီနီမှ ပြန်လည် ဖြေကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment