Thursday, August 16, 2012

ဖန်သားပြင်များစွာပါဝင်သော ကမ္ဘာ့ပထမဆုံး မိုဘိုင်းလ်ရုပ်မြင်သံကြားစက် စင်ကာပူနိုင်ငံတွင် တီထွင်ထုတ်လုပ်


ဖန်သားပြင်များစွာ ပါဝင်သော ကမ္ဘာ့ပထမဆုံး မိုးဘိုင်းလ်ရုပ်မြင်သံကြား ဖန်သားပြင်တစ်လုံးအား စင်ကာပူနိုင်ငံ နည်းပညာတက္ကသိုလ်မှ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်သူ ယမ်ယောင်ဂမ်က တီထွင်ခဲ့ကြောင်း သိရသည်။ နန်ယောင် နည်းပညာတက္ကသိုလ် NTU ကွန်ပျူတာ အင်ဂျင်နီယာကျောင်းမှ ယမ်ယောင်ဂမ်သည် ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုစနစ်တစ်ခေတ် ပြန်လည်ဆန်းသစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုပ်မြင်သံကြား ဖန်သားပြင်ကို အသုံးပြုသူများအနေဖြင့် Tablet သို့မဟုတ် Smart ဖုန်းပေါ်သို့ Program များကို ဆွဲယူခြင်းဖြင့် ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ရှုနိုင်ကြောင်း သိရသည်။ Social Cloud TV အမည်ရှိ ၄င်းရုပ်မြင်သံကြားဖန်သားပြင်ကို အသုံးပြုသူများအနေဖြင့် ရုပ်မြင်သံကြား အစီအစဉ်များကို အွန်လိုင်းမှာပင် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ကြည့်ရှုနိုင်ပြီး စကားပြောဆိုခြင်းနှင့် ဗီဒီယိုမှတစ်ဆင့် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment