Friday, August 10, 2012

အေစီမီလန်အသင်းတွင် အငှားဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီခဲ့သည့် ဇာပါတာ

အေစီမီလန် အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သည့် ဇာပါတာ
ဇာပါတာသည် အေစီမီလန် အသင်းသို့ တစ်ရာသီကြာ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း ဗီလာရီးရဲလ် အသင်းမှ အတည်ပြု ကြေငြာခဲ့သည်။
ဇာပါတာသည် အင်္ဂါနေ့က မီလန် အသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီးသူ ဖြစ်ကာ ယခုအခါတွင် တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကာ (၂၀၁၂-၁၃) ဘောလုံးရာသီကုန်တွင် အပြီးသတ် ပြောင်းရွှေ့ခွင့် ရှိနေကြောင်း သိရသည်။
ဇာပါတာသည် အေစီမီလန် အသင်းမှ ပြောင်းရွှေ့သွား ခဲ့သည့် နောက်ခံလူ ဆေးလ်ဗား၏ နေရာတွင် အစားထိုး နေရာယူမည် ဖြစ်သည်။ ဇာပါတာသည် ပြီးခဲ့သော ရာသီက လာလီဂါ ပြိုင်ပွဲတွင် (၂၈)ပွဲ ပါဝင်ကစားခဲ့ပြီး အေစီမီလန် အသင်းတွင် သူ၏ အသင်းဖော်ဟောင်းများ ဖြစ်ကြသော ဗယ်လ်လီရို၊ ရိုဒရီဂွတ်ဇ်တို့နှင့် ပြန်လည် လက်တွဲရမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment