Friday, August 10, 2012

မော်ရာအား အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဟု ပီအက်စ်ဂျီ အသင်းအတည်ပြု

ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်ခဲ့သည့် မော်ရာ
ပီအက်စ်ဂျီ အသင်းသည် ဆော်ပေါ်လို အသင်း၏ ကြယ်ပွင့် ကစားသမား လူးကပ်စ် မော်ရာအား ပြောင်းရွှေ့ကြေး ယူရို (၃၅)သန်းဖြင့် အပြီးသတ် စာချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။
မော်ရာသည် ယခုနှစ် နွေရာသီတွင် ဥရောပသို့ ပြောင်းရွှေ့ ကစားရန် စီစဉ်ခဲ့ပြီး မန်ယူ နှင့် အင်တာမီလန် အသင်းတို့၏ ချဉ်းကပ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သို့သော်လည်း မော်ရာသည် ယခုအပတ် အစောပိုင်း ပီအက်စ်ဂျီ အသင်းနှင့် ဆွေးနွေးမှု ပြုလုပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ယခုလို အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်သည်။
မော်ရာသည် ပီအက်စ်ဂျီ အသင်းသို့ လာမည့် (၂၀၁၃) ဇန်န၀ါရီလတွင် ပြောင်းရွှေ့ ကစားမည်ဖြစ်ကာ ၎င်း၏ စာချုပ်သက်တမ်းသည် (၂၀၁၃) ဇန်န၀ါရီလမှ (၂၀၁၇) ဇူလိုင်လထိ သက်တမ်းရှိမည် ဖြစ်ကြောင်း သိရသည်။
မော်ရာသည် ပီအက်စ်ဂျီ အသင်း၏ ယခုနှစ် နွေရာသီအတွင်း လေးယောက်မြောက် ခေါ်ယူခဲ့သည့် အဓိက ကစားသမား တစ်ဦးလည်း ဖြစ်လာခဲ့သည်။ ပီအက်စ်ဂျီ အသင်းသည် မော်ရာအား မခေါ်ယူမီက ဆေးလ်ဗား၊ အီဗရာဟီမိုဗစ်ခ်ျ နှင့် လာဗက်ဇီတို့ကို ခေါ်ယူထားပြီး ဖြစ်သည်။ မော်ရာသည် ပီအက်စ်ဂျီ အသင်းတွင် တစ်ပတ်လုပ်ခ ယူရို (၂၅၀၀၀၀) ရရှိမည်ဟု ယုံကြည်ရသည်။ 
soccer weekly

No comments:

Post a Comment