Thursday, August 9, 2012

ဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် မသေချာသည့် ဒေါ့ဆန်းတို့စ်

ဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် မသေချာသည့် ဒေါ့စ်ဆန်းတို့စ်
မက္ကဆီကို အသင်း၏ တောင်ပံ ကစားသမား ဒေါ့ဆန်းတို့စ်သည် ဂျပန်အသင်းနှင့် ပွဲစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ဖွယ် ရှိနေသည်။
ဒေါ့ဆန်းတို့စ်သည် အိုလံပစ် ပြိုင်ပွဲဝင် မက္ကဆီကို အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်ကာ သုံးဂိုးသွင်းယူထားပြီး အသင်းအား ဗိုလ်လုပွဲသို့ ကူညီပို့ဆောင်ပေး ခဲ့သူဖြစ်သည်။
“ကံမကောင်းစွာနဲ့ပဲ သူကြွက်သား ဒဏ်ရာရခဲ့ပါတယ်၊ ဒဏ်ရာရဲ့ အခြေအနေကို ကျွန်တော်တို့ အတိအကျ မသိသေးပါဘူး ကျွန်တော်တို့ စမ်းသပ် စစ်ဆေးရပါဦးမယ်၊ သူပါဝင်နိုင်ဖို့ အတွက် မသေချာပါဘူး”ဟု တီနာမှ သတင်းထောက်များသို့ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment