Saturday, August 4, 2012

ပေါ့ဂ်ဘာနှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ဂျူဗင်တပ်အသင်း ကြေငြာ

ဂျူဗင်တပ်နှင့် တရားဝင် သဘောတူညီခဲ့သည့် ပေါ့ဂ်ဘာ
ဂျူဗင်တပ် အသင်းသည် ပေါလ်ပေါ့ဂ်ဘာအား အပြီးသတ် လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသင်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ပေါ့ဂ်ဘာသည် ဂျူဗင်တပ် အသင်း၏ ရာသီကြို ခြေစမ်းပွဲစဉ် တစ်ခုဖြစ်သည့် ဘင်ဖီကာ အသင်းနှင့် ပွဲစဉ်တွင် ပါဝင် ကစားခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်မှသာ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်ဟု ဂျူဗင်တပ် အသင်းမှ ကြေငြာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ရာသီကုန်က မန်ယူ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် ပေါ့ဂ်ဘာသည် ဂျူဗင်တပ် အသင်းနှင့် (၄)နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ “ဒီမှာရှိခွင့်ရတဲ့ အတွက် ကျွန်တော်အရမ်း ပျော်ရွှင်မိပါတယ် ဒါဟာ တကယ့်ကို ဂုဏ်ပြုမှုပါပဲ”ဟု ပေါ့ဂ်ဘာမှ သူ၏ ခံစားချက်အား ဂျူဗင်တပ်အသင်း၏ ၀က်ဘ်ဆိုက်တွင် ဖွင့်ဟခဲ့သည်။ 
soccer weekly

No comments:

Post a Comment