Tuesday, August 7, 2012

ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ အဖြစ်တာဝန်ပေးအပ်သည့် တရားဥပဒေ စိုးမိုးရေးနှ င့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ


ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ အဖြစ်တာဝန်ပေးအပ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် လွှတ်တော် က ကြေညာ ခဲ့ကြောင်း သိရသည်။


အဆိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ကို ပြည်သူ့လွှတ်တော်တွင် ကော်မတီ တစ်ရပ် အဖြစ် အသစ်တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ပြီး ဥက္ကဌ အဖြစ် ကော့မှူးမဲဆန္ဒနယ် မှ ဒေါ်အောင်ဆန်းစုကြည် အတွင်းရေးမှူး အနေဖြင့် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့ အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် ယနေ့ပြည်သူ့ လွှတ်တော်က အတည်ပြု ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

အဆိုပါကော်မတီ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး ယခင်ကော်မတီများတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် အချို့ကိုလည်း ယခုတိုးချဲ့ဖွဲ့စည်းခဲ့ သည့်ကော်မတီ တွင် ပြောင်းလဲတာဝန်ပေး အပ်ခဲ့ကြောင်း သိရသည်။
YMG facebook

No comments:

Post a Comment