Friday, August 31, 2012

ကန်စွန်းဥကို ဓာတ်လိုက်အောင် လုပ်လျှင်


ကန်စွန်းဥထဲမှာ ကျန်းမာရေးနှင့် ညီညွတ်သော ပေါ်လီဖီနောလ် ခေါ် အင်တီ အောက်စီး ဒင့်တွေ ပါဝင်ပါ တယ်။ အဲဒီကန်စွန်းဥထဲကို ရိုးရိုး ကလေးနဲ့ ကုန်ကျ စရိတ်လည်း မရှိတဲ့ နည်းဖြစ်တဲ့ လျှပ်စစ်စီးကြောင်း တစ်ခု ဖြတ်သန်း လိုက်စေခြင်းအားဖြင့် သူ့ အထဲမှာပါဝင်တဲ့ အင်တီအောက်စီးဒင့် ပမာဏ ၆၀ ရာခိုင်နှုန်းထိ မြင့်တက် သွားစေနိုင်ကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။
ဒီသုတေသန စာတမ်းအကြောင်းကို ကမ္ဘာ့အကြီးဆုံး သိပ္ပံပညာအဖွဲ့အစည်းကြီးဖြစ်သော အမေရိကန်ဓာတုဗေဒအဖွဲ့အစည်းကြီး ရဲ့ ၂၄၄ ကြိမ်မြောက် အမျိုးသား အစည်းအဝေးမှာ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ လူ အများစုဟာ ကန်စွန်းဥသည် ကမ္ဘာ့အရေးကြီးဆုံးသော အစားအစာတစ်ခု ဖြစ်ကြောင်း မသိကြဘူးဟုဆိုပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကန်စွန်းဥ စိုက်ပျိုး ထုတ်လုပ်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေဟာ အစား အစာနှင့် အာဟာရ ချို့တဲ့မှုဖြစ်နေ သော နိုင်ငံများဖြစ်ပါတယ်။ ဤတွေ့ ရှိချက်ကြောင့် ကန်စွန်းဥသည် လူတို့ ရဲ့ ကျန်းမာရေးနှင့် အာဟာရ တို့ ဖွံ့ဖြိုး တိုးတက်စေနိုင်ကြောင်း၊ ဆာလောင် မှုကို ဖြေဖျောက်ရာတွင် အရေးကြီးဆုံး ကဏ္ဍမှ ပါဝင်သည်ဆိုတာကို သိနိုင် ကြောင်း ပြောခဲ့ကြပါတယ်။ ကန်စွန်းဥ ထဲမှာ အမျှင်ဓာတ်၊ သဘာဝသကြား ဓာတ်၊ ရှုပ်ထွေးကစီဓာတ်၊ အသား ဓာတ်၊ ဗီတာမင် A, C ၊ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်တို့ ပါဝင်ပါတယ်။
မောင် Ref: Healthcare Asia.
Health Digest

No comments:

Post a Comment