အင်္ဂလန်နိုင်ငံ အရှေ့အင်္ဂလီယာဒေသရှိ မြို့တစ်မြို့မှ ဇနီးမောင်နှံသည် ယူကေ၏ ဒုတိယ အကြီးဆုံး ထီဆုကြီးဖြစ်သည့် ပေါင် ၁၄၈ သန်း ထီဆုကြီးကို သြဂုတ် ၁၀ ရက် ထီဖွင့်ပွဲ၌ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အသက် ၄၁ နှစ်အရွယ်ရှိ ဒက်ဒရီ ယန်ဖော့စ်နှင့် သူ၏ ဇနီးသည် ဂီလီယန်တို့သည် ၄င်းတို့ စပ်တူထိုးခဲ့ကြသည့် ထီလက်မှတ် တစ်စောင်မှ ပေါင် ၁၄၈ သန်းရှိ ထီဆုကြီး ကံထူးစွာဖြင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သည်။ ရရှိသည့် ဆုငွေများကို ၄င်းတို့ ဇနီးမောင်နှံအား အထောက် အကူ ပြုနေသူများနှင့် စပ်တူ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု မစ္စာကေးဖောဒ်က ပြောကြားသည်။ ၄င်းတို့ ဇနီးမောင်နှံတွင် အသက်ခြောက်နှစ်အရွယ် သမီးတစ်ဦးနှင့် အသက်လေးနှစ်အရွယ် သားတစ်ဦးတို့ ရှိကြသည်။
khitlunge

No comments:
Post a Comment