Friday, August 10, 2012

ဗန်ပါစီအား ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည့် ဖာဂူဆန်

ဖာဂူဆန်မှ မန်ယူအသင်းသို့ ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည့် ဗန်ပါစီ
ဖာဂူဆန်သည် အာဆင်နယ် အသင်းခေါင်းဆောင် ဗန်ပါစီအား ခေါ်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်အ၀ ရှိနေကြောင်း သိရသည်။
အာဆင်နယ် အသင်းနှင့် စာချုပ် သက်တမ်းတိုးမြှင့်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် ဗန်ပါစီအား ခေါ်ယူရန် အတွက် မန်ယူ၊ မန်စီးတီး နှင့် ဂျူဗင်တပ် အသင်းတို့မှ စိတ်ဝင်စားနေကြ သော်လည်း မည်သည့်ကလပ်မှ အာဆင်နယ် အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးကို ပေးချေရန် ဆန္ဒမရှိသောကြောင့် ဗန်ပါစီမှာ အာဆင်နယ် အသင်းတွင် နောက်ထပ် တစ်နှစ်ဆက်နေရရန် ရှိနေသည်။
ဘာစီလိုနာ အသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ဖာဂူဆန်မှ “ကျွန်တော်တို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး သူတို့က အခြားသော အသင်းတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်၊ ကျွန်တော်တို့ ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်းထားရပါမယ်၊ သူကျွန်တော်တို့ဆီ လာမယ်လို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပေမယ့် ခုချိန်ထိတော့ တိုးတက်မှု မရှိသေးပါဘူး”ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
soccer weekly

No comments:

Post a Comment