Tuesday, August 21, 2012

အဲဗာတန်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသည်ဆိုခြင်းကို အိုဝင် ငြင်းဆို

အဲဗာတန်နှင့် ပတ်သက်သော သတင်းများကို ငြင်းဆိုခဲ့သည့် အိုဝင်
မန်ယူ နှင့် လီဗာပူးလ် အသင်း တိုက်စစ်မှူးဟောင်း အိုဝင်သည် အဲဗာတန် အသင်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသည် ဆိုသော သတင်းများအား ငြင်းဆိုခဲ့ပြီး “ကောလဟာလ”သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အသက် (၃၂)နှစ် အရွယ်ရှိ အိုဝင်သည် ယမန်နှစ် ရာသီကုန်မှ စတင်ပြီး မန်ယူ အသင်းနှင့် လမ်းခွဲခဲ့သူ ဖြစ်ကာ အသင်းလက်မဲ့ ဖြစ်နေပြီး အဲဗာတန်သို့ ပြောင်းရွှေ့မည်ဟု သတင်းများက ဖော်ပြနေခြင်း ဖြစ်သည်။ အိုဝင်မှ အဲဗာတန်နှင့် ပတ်သက်သော သတင်းများကို ငြင်းဆိုခဲ့ပြီးနောက် ၎င်းအား စတုတ် အသင်းမှ ခေါ်ယူရန် ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည်။ 
soccer weekly

No comments:

Post a Comment