Thursday, August 23, 2012

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်အတွင်း ရဲတပ်ဖွဲ့ဝင်များ ငွေသန်းပေါင်းများစွာ ရှာဖွေတွေ့ရှိ


ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ တောင်တန်းတစ်ခုအတွင်း၌ ခိုးယူခဲ့သည်ဟု ယူဆရသည့် ယန်းသန်းပေါင်း ၁၅၀ နီးပါး (ဒေါ်လာ  ၁ ဒသမ ၂၆ သန်းခန့်) ရှိ ငွေစက္ကူများကို ဒေသခံ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ငွေစက္ကူများအား ခိုးယူခဲ့သည်ဟု ယူဆရသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၂၂ ရက်က သိရသည်။ အဆိုပါ ငွေစက္ကူများကို တာကာမိုရီမြို့အနီးရှိ တောာင်၏ အောက်ခြေ တစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များက သြဂုတ် ၂၁ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းငွေစက္ကူများကို ကူမာမိုတိုမြို့ရှိ နေအိမ်တစ်အိမ်မှ ခိုးယူခဲ့ကြောင်း ဖမ်းဆီးရမိသူ နှစ်ဦးအနက် တစ်ဦးက ၀န်ခံပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge

No comments:

Post a Comment