Friday, August 3, 2012

ကာကာ၏ အပြောင်းအရွှေ့အတွက် ပီရက်ဇ်နှင့် တွေ့ဆုံမည့် ဂယ်လီယာနီ

အေစီသို့ ပြန်လည်ရောက်ရှိဖွယ် ရှိနေသည့် ကာကာ

အေစီမီလန် အသင်း၏ အမှူဆောင်ချုပ် ဖြစ်သူ ဂယ်လီယာနီမှ ကာကာ၏ အပြောင်းအရွှေ့ အတွက် မကြာမီတွင် ရီးရဲလ် အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ပီရက်ဇ်နှင့် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အေစီမီလန် အသင်းသည် အသင်းတွင် (၆)နှစ်တာ ကစားခဲ့ပြီး ပရိသတ် အချစ်တော် ဖြစ်ခဲ့သည့် ကာကာအား ပြန်လည် ခေါ်ယူရန် ဆန္ဒရှိနေသည်ဟု တရားဝင် ထုတ်ဖော် ပြောဆိုထား ခဲ့သည့် အသင်းဖြစ်သည်။
အီတလီ သတင်းစားများမှ အေစီမီလန် အသင်း၏ တာဝန်ရှိသူများသည် လာမည့် ရက်ပိုင်းအတွင်း အမေရိကားသို့ သွားရောက်ကာ ကာကာ၏ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။ ယခုအခါတွင် အေစီမီလန် အသင်း၏ အမှူဆောင်ချုပ် ဂယ်လီယာနီမှ အဆိုပါ သတင်းများကို အတည်ပြုခဲ့ပြီး ပီရက်ဇ်နှင့် ဆွေးနွေးရန် ချိန်းဆိုထားကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
“ပီရက်ဇ်နဲ့ နယူးယောက်ခ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်မှာပါ၊ ကာကာကို ခေါ်ယူဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ် ဘာလို့လဲ ဆိုတော့ သူ့ရဲ့မြင့်မားတဲ့ လစာငွေကြောင့်ပါ ဒါပေမယ့် သူဟာ အသင်းရဲ့ သမိုင်းမှာ ပါဝင်နေသူ တစ်ယောက်ပါ”ဟု ဂယ်လီယာနီမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment