Saturday, August 25, 2012

စင်ကာပူသည် တစ်ဦးချင်းဝင်ငွေမြင့်မား သော ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်


ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ တစ်ဦးချင်း ဝင်ငွေ အမြင့်မားဆုံး နိုင်ငံများ ကို နှိုင်းယှဉ် လေလ့ာရာတွင် ၂၀၁၀ခုနှစ်က ကမ္ဘာပေါ်တွင် တစ်ဦးချင်း ဝင်ငွေ အမြင့်မားဆုံး နိုင်ငံအဖြစ် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သော စင်ကာပူနိုင်ငံသည် လာမည့် ၂၀၅၀အထိ ကမ္ဘာ့ တစ်ဦးချင်း ဝင်ငွေအမြင့်မားဆုံး နိုင်ငံစာရင်းတွင် ဆက်လက်ရပ်တည်နေဦးမည်ဟု သော စင်ကာပူနိုင်ငံသည် လာမည့် လေ့လာမှုအသစ် အရ သိရသည်။
အဆိုပါနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်က တစ်နှစ်လျှင် တစ်ဦးချင်း ဝင်ငွေကန်ဒေါ်လာ ၅၆၅၃၂ ရှိ သည်ဟု သိရသည်။ အဆိုပါ ကိန်းဂဏန်း အားKnight Frenk နှင့် Citict Private ဘဏ်တို့က ထုတ်ပြန် ကြေညာလိုက် သည့် ၂၀၁၂ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ အစီရင်ခံစာတွင် တွေ့ရပြီး နော်ဝေနိုင်ငံထက် တစ်ဦးချင်း ဝင်ငွေမြင့်မား သော နိုင်ငံအဖြစ် စင်ကာပူအာ်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ ဝင်ငွေအမြင့်မားဆုံး တတိယ မြောက်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် တစ်ဦး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၅၁၁ ရှိသည် ဟု သိရ သည်။ ကမ္ဘာ့ စီးပွားရေးအဖွံ့ဖြိုး ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှနိုင်ငံများထဲမှ ဟောင်ကောင် ပါဝင်သည်ဟု သိရသည်။
လာမည့် ၂၀၅၀ တွင် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ ဂျီဒီပီ အမြင့်ဆုံးနိုင်ငံများ၏ စာရင်း တွင် ထိပ်ဆုံးမှ ပါဝင်နေမည်ဖြစ်ပြီး တစ် နှစ် တစ်ဦး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၃၇၁၃၀ ရှိလာမည်ဟု အဆိုပါ အစီရင် ခံစာက ခန့်မှန်းထားသည်။
The Straits Times, Aug.16 
လင်းသန့်
Pyimyanmar

No comments:

Post a Comment