Saturday, August 25, 2012

အ၀တ်လဲခန်းတွင် မိုဘိုင်းဖုန်း အသုံးပြုခြင်းကို တားမြစ်ခဲ့သည့် လမ်းဘတ်

အီလက်ထရောနစ် ပစ္စည်းများကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သည့် လမ်းဘတ်
ဗီလာအသင်း၏ နည်းပြသစ် လမ်းဘတ်သည် အသင်း၏ အ၀တ်လဲခန်း နှင့် လေ့ကျင့်ရေးကွင်း များတွင် အီလက်ထရောနစ် ပစ္စည်းများကို အသုံးပြုခြင်းကို ပိတ်ပင်ခဲ့သည်။
လမ်းဘတ်မှ ယခုလို ပြုလုပ်ခြင်းမှာ ကစားသမားများအား ၎င်းပစ္စည်းများကြောင့် စိတ်ပျံ့လွင့်ခြင်း နှင့် ထိုပစ္စည်းများမှ တစ်ဆင့် သတင်းများ ဖြန့်ဖြူးခြင်း မပြုလုပ်စေရန် ဖြစ်ကြောင်း သိရသည်။
“ခင်းဗျားဟာ ကြေးစား ဘောလုံးသမား တစ်ဦးဖြစ်လာပြီ ဆိုရင်တော့ အဲဒါက ခင်ဗျားရဲ့ ၀ါသနာ မဟုတ်တော့ပါဘူး အလုပ်ဖြစ်သွား ပါပြီ၊ ဒီကိစ္စက အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ခင်ဗျားတို့ လေ့ကျင့်ရေးကွင်းကို ရောက်နေတာ အလုပ်လုပ်ဖို့ပါ၊ အိုင်ဖုန်း၊ အိုင်ပတ်တွေက အနှောက်အယှက်တွေပါ၊ ကျွန်တော်တို့က ဘောလုံးပွဲကို အနိုင်ကစားဖို့ပါ၊ ကွန်ပြူတာတွေ၊ ဖုန်းတွေနဲ့ ကစားဖို့ မဟုတ်ပါဘူး”ဟု လမ်းဘတ်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment