Monday, August 20, 2012

ဒမ်ဆေးအတွက် မည်သည့် ကမ်းလှမ်းမှုမှ ရရှိထားခြင်း မရှိဟု မာတင်ဂျိုးလ်ဖွင့်ဟ

ဖူလ်ဟမ် အသင်း၏ နည်းပြဖြစ်သူ မာတင်ဂျိုးလ်မှ အသင်းကနေ ထွက်ခွာချင်နေသည့် ဒမ်ဆေးအား မည်သည့် အသင်းကမှ ကမ်လှမ်းထားခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြီးခဲ့သော ရာသီက လိဂ်သွင်းဂိုး (၁၇)ဂိုးထိ ရရှိခဲ့သည့် ဒမ်ဆေးအား လီဗာပူးလ် အသင်းမှ ခေါ်ယူရန် စိတ်ဝင်စား နေသည်။ သို့သော်လည်း မာတင်ဂျိုးလ်၏ ဖွင့်ဟ ပြောကြားချက် အရ လီဗာပူးလ် အသင်းမှ ဒမ်ဆေးအတွက် ကမ်းလှမ်းမှု ပြုလုပ်ထားခြင်း မရှိသေးကြောင်း သိရသည်။
“သူ့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ပါတော့တယ် ဘယ်အသင်းမှလည်း သူ့ကို ကမ်းလှမ်းမှု မရှိသေးပါဘူး”ဟု မာတင်ဂျိုးလ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment