Monday, August 27, 2012

အီကွေဒေါနိုင်ငံတွင် ခရီးသည်တင်ဘတ်စကား တစ်စီး ချောက်အတွင်းသို့ ထိုးကျ၊ ၁၅ ဦးသေဆုံး ၂၀ ဦးဒဏ်ရာရရှိ


အီကွေဒေါနိုင်ငံအနောက်တောင်ပိုင်းတွင်သြဂုတ်၂၄ရက်ကခရီးသည်တင်ဘတ်စကားတစ်စီး ချောက်အတွင်းသို့ ထိုးကျသွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ပြောကြားသည်။ အဆိုပါ ခရီးသည်တင်ဘတ်စကားသည် ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်တွင် အဲလ်အိုရိုမြို့အတွင်းရှိ ချီလီရာရွာနှင့် ပါဆေးရွာတို့ကြား မောင်းနှင်သွားလာနေချိန်တွင် လမ်းသွယ်နှစ်ခုကြား ရုတ်တရက် ကွေ့လိုက်ရာမှ ချောက်ထဲသို့ ထိုးကျ သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ကြက်ခြေနီ အဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ဘတ်စကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အများစုမှာ ချီလီရာရွာမှ လယ်သမားများဖြစ်ကြပြီး ယခုအချိန်တွင် သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတိအကျ သတ်မှတ်နိုင်ရေးအတွက် ခရီးသည်များ၏ ဆွေမျိုးများကို အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်ထားကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment