Wednesday, August 22, 2012

တရားစခန်းဝင်ပြီးနောက် စိတ်အေးချမ်းမှုတွေနဲ့ဝတ်မှုံရွှေရည်


မွေးနေ့၊ မွေးရက်ဖြစ်တဲ့သြဂုတ်လ၁ဝရက်နေ့မှာကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပြီး အောင်ဇမ္ဗူတောရ ကျောင်း
မှာ တရားစခန်းလည်း ငါးရက်ကြာ ဝင်ဖြစ်ခဲ့တဲ့ ဝတ်မှုံရွှေရည်က တရားစခန်းဝင်နေတဲ့အချိန်ရင်ထဲမှာ အမှန် တကယ်ကိုအေးချမ်းနေခဲ့ပြီးမောဟစိတ်၊ဒေါသစိတ်တွေကို ငြိမ်းစေခဲ့တယ်လို့ ပြောပြပါတယ်။ ''ရင်ထဲမှာ တအားအေးချမ်းတယ်။ ဘာမှမရှိဘူး။ မောဟစိတ်၊ ဒေါသစိတ်တွေကို ဖြေလျှော့ပြီး အေးချမ်းမှုရအောင်နေတယ်။ သမာဓိအားကောင်းအောင် တရားထိုင်တယ်။ ပြန်တောင်မထွက်ချင်ဘူး (ရယ်လျက်)။ ဝေယျာဝစ္စတွေ လုပ်ပေးတယ်။ ပုတီးစိပ်တယ်။ ပဋ္ဌာန်းရွတ် တယ်''လို့လည်း ပြောပြခဲ့ပါတယ်။ တရားစခန်းဝင်ပြီး နောက်ပိုင်း ပိုပြီး စိတ်တည်ငြိမ်မှုတွေရလာကြောင်း၊ ဖိအားတွေလည်းမရှိတော့ကြောင်း၊ လူတွေမှာ ရှိတတ်တဲ့ အတ္တစိတ်တွေလျော့သွားကြောင်း၊ စိတ်တည်ငြိမ်အောင် ထားတတ်သွားသလို နေလည်းနေတတ်သွားကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့ 'စုန်းသောက်ဝိုင်' ဆိုတဲ့ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က မင်းမော်ကွန်းနဲ့အတူ ရိုက်ကူးနေပါတယ်။
သိမ့်သိမ့်
Popular facebook

No comments:

Post a Comment